Home
အားကစား
စပို့တင်းလစ္စဘွန်းနည်းပြ ဟူဘင်အမ်မိုရင်ကို ခေါ်ယူရန် လီဗာပူး ဆွေးနွေး
DVB
·
April 9, 2024

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် စပို့တင်းလစ္စဘွန်းနည်းပြ ဟူဘင်အမ်မိုရင်ကို ခေါ်ယူခန့်အပ်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။

လက်ရှိအသင်းနည်းပြ ယာဂန်ကလော့ပ်က ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွါဖို့ အတည်ပြုထားပြီး လာမယ့်ရာသီအတွက် နည်းပြသစ်ခန့် အပ်သွားရမှာပါ။

လီဗာကူဆင်နည်းပြ ဇာဗီအလွန်ဆိုက အသင်းပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပေါ်တူဂီထိပ်သီးကလပ်ရဲ့ နည်းပြဖြစ်သူကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။

အသက် ၃၉ နှစ်ပဲရှိသေးတဲ့ စပို့တင်းနည်းပြ ဟူဘင်အမ်မိုရင်ဟာ ပေါ်တူဂီနဲ့ ဘင်ဖီကာ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်ကမှ စပို့တင်းအသင်းကို စတင်တာဝန်ယူခဲ့သူပါ။

စပို့တင်းကို အခုနှစ် ပေါ်တူဂီလိဂ်မှာ အဆင့်တစ်နေရာကနေ ပြတ်ပြတ်သားသား ဦးဆောင်နိုင်အောင် စွမ်းဆောင်ထားတာကြောင့် လီဗာပူးအသင်းက မျက်စိကျလာခဲ့တာပါ။

ပေါ်တူဂီဂျာနယ်လစ်ပက်ဒရိုရဲ့ အဆိုအရ လီဗာပူးအသင်း တာဝန်ရှိသူတွေနဲ့ အမ်မိုရင်တို့ဟာ ဧပြီ ၈ ရက်က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013