Home
အားကစား
ဘိုင်ယန်ပရိသတ်ကို လက်မှတ်ပြန်ရောင်းချပါက ပွဲကြည့်ခွင့် ပိတ်ပင်မည်ဟု အာဆင်နယ် သတိပေး
DVB
·
April 9, 2024
Bayern Múnich Fan Ban_09042024

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေကို ပွဲကြည့်လက်မှတ် ပြန်လည် ရောင်းချမယ်ဆိုရင် ပွဲကြည့်ခွင့် ပိတ်ပင်သွားမယ်လို့ အာဆင်နယ်ဘက်က သတင်းထုတ်ပြန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ ဧပြီ ၁၀ ရက်မှာ ပထမအကျော့ပွဲစဉ်အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို လက်ခံကစားသွားရမှာပါ။

ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ ကိုပေဟေဂင်နဲ့ လာဇီယိုတို့နဲ့ ပွဲစဉ်တွေမှာ မီးရှူးမီးပန်းတွေ ပစ်ပေါက်ကာ သောင်းကျန်းခဲ့ကြတာပါ။

အဲဒီအတွက် အာဆင်နယ်နဲ့ အဝေးကွင်း ပွဲစဉ်အတွက် လက်မှတ်ခွဲတမ်းမရရှိသလို အိမ်ကွင်းပွဲစဉ်ကိုလည်း ကွင်းပိတ်ကျင်းပဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချခဲ့တာပါ။

အာဆင်နယ်အသင်း ဘက်ကတော့ အသင်းလက်မှတ်ဝယ်ယူမယ့် မန်ဘာအသစ်တွေကို လက်မှတ် ရောင်းချခြင်း မပြုတော့ဘဲ တရာသီစာ လက်မှတ်ဝယ်ယူထားတဲ့ မန်ဘာတွေနဲ့ တခြားမန်ဘာတွေကိုပဲ ရောင်းချခဲ့တာပါ။

ဒါပေမဲ့ ဘိုင်ယန်ပရိသတ်တွေကို လက်မှတ်ပြန်ရောင်းတာမျိုး တွေ့ရှိခဲ့မယ်ဆိုရင် ရောင်းချတဲ့သူကို ပွဲကြည့်ခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်း သတိပေးစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်ဘက်က မိတ်ဆွေ၊ သူငယ်ချင်းတွေကြည့်ရှုဖို့ VIP လက်မှတ် ၂၀၀ နဲ့ အသင်း တာဝန်ရှိသူတွေ အတွက် လက်မှတ် ၂၀ သာ ရရှိထားတာ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024