ပရီးမီးယားလိဂ်ဟာ အဲဗာတန်အသင်းကို ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ နောက်ထပ် နှစ်မှတ် လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
မူလကတည်းက အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့နိုင်ရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုနဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံထားရလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပိုင်းက အယူခံတင် သွင်းမှုအောင်မြင်ခဲ့တာကြောင့် ခြောက်မှတ်လျော့ ပြစ်ဒဏ် ပြောင်းလဲချမှတ်ခံထားရတာပါ။
လက်ရှိအချိန်မှာတော့ ၃ နှစ် အတွင်းမှာ ပေါင် ၁၀၅ သန်းသာ အရှုံးပြခွင့်ရှိပေမဲ့ ပေါင် ၁၆ ဒသမ၆ သန်း ကျော်လွန်ပြီး အရှုံးပေါ်ခဲ့တာကြောင့် နှစ်မှတ်လျှော့ပြစ်ဒဏ် ထပ်မံ ချမှတ်ခဲ့တာပါ။
ဒီပြစ်ဒဏ်ကြောင့် အဆင့် ၁၆ နေရာအထိ ကျဆင်းသွားခဲ့ပြီး တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာ ကွာဟတော့တာပါ။
အဲဗာတန်အသင်းဘက်ကတော့ တသမတ်တည်း မဟုတ်တဲ့ ဆုံးဖြတ်ချက်အနေနဲ့ နောက်ထပ် နှစ်မှတ်လျှော့ ပြစ်ဒဏ် ချမှတ်မှုအပေါ် စိုးရိမ်မိပြီး ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံ တင်သွင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters