Home
မြန်မာသတင်း
လာအိုတွင် တရားမဝင် မြန်မာလုပ်သား ၅၀ နီးပါး ဖမ်းဆီးခံရ
DVB
·
April 8, 2024
Lao Migrant Workers Arrested_08042024

လာအိုနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် လိုင်းခန်းမှာ  ဧပြီ ၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက မြန်မာလုပ်သား အယောက် ၅၀ နီး ဖမ်းဆီးခံရတယ်လို့ လာအိုရောက် မြန်မာအသိုက်အဝန်းဆီက သိရပါတယ်။

လာအိုနိုင်ငံ၊ ချင်မန်ဖန်မှာ ဒီနေ့ နေ့လယ်ပိုင်းက ရှောင်တခင်ဝင်ရောက် ဖမ်းဆီးသွားတာလို့ ကိုယ်တိုင်တွေ့မြင်ခဲ့သူတွေက ပြောပါတယ်။

ဖမ်းဆီးမှုကို ကိုယ်တိုင်ကြုံရပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူတဦးက “မြန်မာအခေါ်တော့ ကျွန်းတော၊ အဲဒီက စမတ်ကတ်ရှိတဲ့သူရော၊ မရှိတဲ့သူတွေကိုရော အကုန်ကားပေါ်တင် ဖမ်းသွားတာ။ တချို့ကတော့ ထွက်ပြေးလို့ လွတ်သွားတယ်။ စမတ်ကတ်မရှိသူတွေကို မြန်မာဘက် ပြန်ပို့မလား မပြောတတ်သေးဘူး" လို့ ပြောပါတယ်။

မြန်မာလုပ်သား ၅၀ နီးပါး ဖမ်းဆီးခံရပြီး တခြားနေရာတွေမှာလည်း အလားတူဖမ်းဆီးမှုတွေ ရှိလို့ သတိထား ရှောင်ရှားနေရတယ်လို့ လာအိုရောက်မြန်မာတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာကြောင့် အိမ်နီးချင်း လာအိုနိုင်ငံကို သွားရောက်လုပ်ကိုင်သူတွေဟာ ဒီနှစ်ထဲ များလာတယ်လို့လည်း သူတို့က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း ထွက်ပြေးတိမ်းရှောင်ရင်း ရောက်လာသူတွေ ရှိလာနေတယ်လို့ မြန်မာလုပ်သားတဦးက ပြောပါတယ်။

“အလုပ်ကောင်းတယ်ဆိုပြီး ပွဲစားစကားယုံပြီး ရောက်လာသူတွေလည်းမနည်းဘူး၊ ရောက်ပြီးမှ အလုပ်မရဘဲ ဒုက္ခရောက်နေသူတွေ အများကြီး။”

အဲဒီလို ရောက်ရှိလာသူတချို့အနေနဲ့ အလုပ်လုပ်ကိုင်ခွင့် စမတ်ကတ်တွေ မရှိတာကြောင့် တရားမဝင်လို့ ဖမ်းဆီးခံရတဲ့ အန္တရာယ်ရှိနေတာလို့လည်း ​ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013