ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုက အတည်ပြုပြောသွားပါတယ်။
စီရော်နယ်ဒိုဟာ ပေါ်တူဂီသတင်းဌာန NOW နဲ့ အင်တာဗျူးအစီအစဉ်မှာ ကစားသမားဘဝကနေ အနားမယ့်အစီအစဉ်ကို ထုတ်ဖော်ပြောပြသွားခဲ့တာပါ။
နောက်ထပ် ၂ နှစ် ၃ နှစ်အတွင်းမှာ ကစားသမားဘဝကနေ အနားယူဖြစ်မလဲဆိုတာ မသိရှိနိုင်သေးပေမယ့် အယ်လ်နာဆာအသင်းက နောက်ဆုံး ကစားတဲ့ ကလပ်အသင်း ဖြစ်လိမ့်မယ်လို့ စီရော်နယ်ဒိုက ပြောပါတယ်။
စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်နဲ့ စာချုပ်သက်တမ်း တနှစ်သာကျန်ရှိတော့တာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးသွားဖို့ ရှိပါတယ်။
အယ်လ်နာဆာအသင်းမှာ ပျော်ရွှင်နေသလို ဆော်ဒီနိုင်ငံမှာ နေထိုင်ရတာဟာလည်း သက်သောင့်သက်သာ ရှိတာကြောင့် အယ်လ်နာဆာမှာပဲ ဆက်လက်သွားချင်ကြောင်း စီရော်နယ်ဒိုက ပြောပါတယ်။
နိုင်ငံအသင်းကနေ အနားယူဖို့ကိစ္စကိုလည်း ဆွေးနွေးရခြင်းမရှိသေးကြောင်းနဲ့ အနာဂတ်မှာ နည်းပြအဖြစ် တာဝန်ယူဖြစ်မလား ဆိုတာကိုလည်း မစဉ်းစားသေးဘူးလို့ စီရော်နယ်ဒိုက ပြောသွားပါတယ်။