မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီစူပါဖလားပြိုင်ပွဲမှာ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒုတိယဆုကို မယူဘဲ ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။
အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူ နိုင်ခဲ့ပေမဲ့ ပွဲပြီးချိန်မှာ ၄ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ခဲ့တာပါ။
အသက် ၃၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဆော်ဒီမြေမှာ ဒုတိယမြောက် ချန်ပီယံဆုရယူဖို့ အားခဲထားပေမဲ့ ဖြစ်မလာခဲ့တာကြောင့် ဒေါသထွက်ပြီး ဒုတိယဆုကို မယူဘဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာပါ။
ဦးဆောင်ဂိုး ရခဲ့ပေမဲ့ လေးဂိုး ဆက်တိုက်ပေးခဲ့ရတဲ့အပေါ် အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း စီရော်နယ်ဒိုက စိတ်ပျက်လက်ပျက်နဲ့ အော်ဟစ် ပြောဆိုခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ မနှစ်က ရာသီက ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာလည်း အယ်လ်ဟီလယ်အသင်းကိုပဲ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး ဆုဖလား လက်လွှတ်ခဲ့ရပါတယ်။