ပေါ်တူဂီ ဝါရင့်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ ပီပီတို့ဟာ နိုင်ငံအသင်းကနေ အနားယူဖို့ ဆုံးဖြတ်ချက် မချမှတ်နိုင်သေးဘူးလို့ သိရပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရိုကွာတားဖိုင်နယ်မှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
နောက်ခံလူ ပီပီဟာ အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းမှာ အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူပါ။
စီရော်နယ်ဒိုဟာလည်း အသက် ၄၀ နှစ်ထဲ ရောက်ရှိလာပြီ ဖြစ်တာကြောင့် လက်ရွေးစင်အသင်းကနေ အနားယူဖို့ ပိုမိုနီးစပ်လာခဲ့တာပါ။
လတ်တလောအချိန်မှာတော့ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ နာကျင်မှုကို မေ့ပျောက်နိုင်စွမ်းမရှိသေးတာကြောင့် အနားယူဖို့ကိစ္စကို ကစားသမားနှစ်ဦးစလုံးက မဆုံးဖြတ်နိုင်သေးကြောင်း နည်းပြ မာတီနက်ဇ်က အတည်ပြုပါတယ်။
ကစားသမားနှစ်ဦးစလုံးက ပေါ်တူဂီအသင်းရဲ့ စံပြကစားသမားတွေ ဖြစ်တယ်လို့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ချီးကျူးသွားပါတယ်။