Home
အားကစား
စီရော်နယ်ဒို ၁ ရက်အတွင်း Youtube Subscriber ၁၀ သန်းရသည့် စံချိန်သစ်တင်
DVB
·
August 23, 2024
Photo -REUTERS

ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ Youtube Channel ဖွင့်ပြီး ၁ ရက်အတွင်း Subscriber ၁၀ သန်းရှိပြီး စံချိန်သစ်တင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ UR Cristiano ဆိုတဲ့ Youtube Channel တခုကို ဩဂုတ် ၂၁ ရက်က စဖွင့်ခဲ့တာဖြစ်ပြီး ဩဂုတ် ၂၃ ရက်မနက်အထိ  Subscriber ၂၇ သန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ Youtube Channel ဖွင့်ပြီး မိနစ် ၉၀ အတွင်းမှာ Subscribe လုပ်သူ ၁ သန်း ရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံးစံချိန်ဖြစ်ခဲ့တာပါ။

ရော်နယ်ဒိုဟာ Youtube Channel ဖွင့်ပြီးနောက် ဗွီဒီယို ၁၉ ခုတင်ထားပြီး ဗွီဒီယိုအားလုံးက ၃ မိနစ်အောက် short video တွေ ဖြစ်ပါတယ်။

အဲဒီဗွီဒီယိုတွေထဲမှာ ရော်နယ်ဒိုနဲ့ ချစ်သူဖြစ်သူ ရိုဒရီဂွတ်တို့ ၂ ဦး တင်ဆင်ထားတဲ့ ဗွီဒီယိုက ၈ ဒသမ ၉ သန်းနဲ့ UR Cristiano Channel ရဲ့ လူကြည့်အများဆုံးဗွီဒီယို ဖြစ်နေပါတယ်။

ရော်နယ်ဒိုဟာ Facebook, X နဲ့ Instagram တို့မှာ Page တွေရှိပြီး Youtube မှာ ပထမဆုံး Channel ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Youtube မှာ အမေရိကန်အားကစားဖြစ်တဲ့ NFL နဲ့ NBA က ကစားသမားတွေသာ ထင်ရှားပြီး ဘောလုံးသမားတွေတော့ ခေတ်စားတာမျိုး မတွေ့ရသေးပါဘူး။

၂၀၂၂ ခုနှစ်က မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်အမျိုးသမီးကွင်းလယ်လူ အယ်လာတိုနီက ၂၀၂၂ ခုနှစ်မှာ vlog ပုံစံ channel ထောင်ထားတဲ့ Youtube Channel က ဘောလုံးသမားတွေထဲမှာ လူကြိုက်အများဆုံး Channel ဖြစ်လာပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013