Home
အားကစား
ဆန်ချိုနှင့် စတာလင်ကို အလဲအထပ်လုပ်ရန် မန်ယူနှင့် ချဲလ်ဆီး ဆွေးနွေး
DVB
·
August 28, 2024
Photo - Reuters/Andrew Couldridge/Phil Noble

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဆန်ချိုနဲ့ စတာလင်တို့နှစ်ဦးကို အလဲအထပ်လုပ်ဖို့အတွက် ဆွေးနွေးနေပါတယ်။ 

မန်ယူအသင်းဟာ နည်းပြအဲရစ်တန်ဟတ်ဂ်နဲ့ အစေးမကပ်လှတဲ့ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို ရောင်းထုတ်ဖို့ စီစဉ်ထားသလို ချဲလ်ဆီးဘက်ကလည်း စတာလင်ကို ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ထားတာပါ။

နှစ်ဖက်အသင်းတွေဟာ ကစားသမားနှစ်ဦးကို အလဲအထပ်လုပ်ဖို့ ဆွေးနွေးနေပေမဲ့ တိုက်ရိုက်လဲလှယ်တာမျိုးမဟုတ်ဘဲ ပြောင်းရွှေ့ကြေးတရပ် ရရှိဖို့ မန်ယူအသင်းဘက်က ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဆန်ချိုဟာ အသက် ၂၄ နှစ်သာရှိသေးပြီး စတာလင်က အသက် ၂၉ နှစ်ရှိပြီဖြစ်တာကြောင့် မန်ယူအသင်းရဲ့ဆန္ဒက အပြောင်းအရွှေ့မှာ အခရာကျနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013