Home
အားကစား
ချဲလ်ဆီးကစားသမား စတာလင် မန်ယူအသင်းဆီပြောင်းရွှေ့ရန် လမ်းဖွင့်ထား
DVB
·
August 27, 2024
Photo -REUTERS

ချဲလ်ဆီးကစားသမား ရာဟင်းစတာလင်ဟာ မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတယ် လို့သိရပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းလူစာရင်းကနေချန်လှပ်ခံခဲ့ရပြီးနောက် အသင်းနဲ့ အဆင်မပြေဖြစ်လာတဲ့ စတာလင်ဟာ တဦးတည်းလေ့ကျင့်ခန်းဆင်းနေရတာပါ။

အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ ချဲလ်ဆီးအသင်းဘက်ကလည်း ရောင်းထုတ်သွားဖို့ စီစဉ်နေတာပါ။

မန်ယူအသင်းဟာ ဂျေဒန်ဆန်ချိုကို ရောင်းထုတ်ဖို့ လုပ်ဆောင်နေတာကြောင့် ဆန်ချို နေရာအတွက် စတာလင်နဲ့ အစားထိုးဖို့ လျာထားတယ်လို့ သိရပါတယ်။

စတာလင်ဘက်ကလည်း မန်ယူအသင်းဘက်က အမှန်တကယ်ကမ်းလှမ်းလာမယ်ဆိုရင် ပြောင်းရွှေ့ကစားဖို့ လမ်းဖွင့်ထားတယ်လို့  သိရပါတယ်။

စတာလင်ကို ခေါ်ယူဖို့ မန်ယူအသင်းအပါအဝင် ဂျူဗင်တပ်၊ ဗီလာ၊ ခရစ္စတယ်ပဲလေ့ အသင်းတွေကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013