Home
အားကစား
တပတ်လုပ်ခ ပေါင် ၅ သိန်း တောင်းဆိုသည့် အိုဆီမန်ကို ချဲလ်ဆီးအသင်း လက်လျှော့ 
DVB
·
August 26, 2024
Photo - REUTERS/Ciro De Luca

လုပ်ခလစာ တောင်းဆိုမှုများပြားတဲ့ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းဘက်က လက်လျှော့သွားဖို့ ရှိပါတယ်။

အသက် ၂၅ နှစ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူလိုနေတာပါ။

ချဲလ်ဆီးအသင်းဘက်ကလည်း အိုဆီမန်ကို ခေါ်ယူလိုပေမဲ့ လုပ်ခလစာတောင်းဆိုမှု များပြားနေတာက အခက်တွေ့စေတယ်လို့ သိရပါတယ်။

အိုဆီမန်ဟာ တပတ်လုပ်ခပေါင် ၅ သိန်းအထိ ပေးချေဖို့ တောင်းဆိုခဲ့တာကြောင့် ချဲလ်ဆီးအသင်းနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ လက်လျှော့သွားပြီဖြစ်ပေမဲ့ ဂျူဗင်တပ်က ချီယေဇာနဲ့ အဲဗာတန်တိုက်စစ်မှူး ကယ်ဗက်လူဝင်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013