အီတလီကလပ် နာပိုလီအသင်းဟာ တိုက်စစ်မှူး လူကာကူ ကိုခေါ်ယူဖို့အတွက် ချဲလ်ဆီး အသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
နာပိုလီအသင်းဟာ လူကာကူကို တရာသီအငှားစာချုပ်နဲ့အတူ ရာသီကုန်မှာ ပေါင် ၂၅ သန်းခွဲနဲ့ အပြီးသတ်ခေါ်ယူမယ့် ကမ်းလှမ်းချက်တခု လုပ်ခဲ့တယ်လို့ အပြောင်းအရွှေ့သတင်းတွေမှာ ဖော်ပြကြပါတယ်။
ချဲလ်ဆီးအသင်းဘက်ကတော့ လူကာကူအတွက် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၃၆ သန်း သတ်မှတ်ထားတာကြောင့် အဲဒီပမာဏ ရရှိဖို့ ဆန္ဒရှိနေတာပါ။
တဖက်မှာလည်း နာပိုလီတိုက်စစ်မှူး ဗစ်တာအိုဆီမန်ကို ပြန်လည်ခေါ်ယူဖို့ ချဲလ်ဆီးဘက်က ဆွေးနွေးမယ်လို့ သိရပါတယ်။
နာပိုလီအသင်းကို နည်းပြကွန်တီက တာဝန်ယူနေပြီး လူကာကူနဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေတာပါ။
နည်းပြကွန်တီဟာ ဗီရိုနာကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ စီးရီးအေအဖွင့်ပွဲစဉ်မှာ တိုက်စစ်မှူး အိုဆီမန်ကို ချန်လှပ်ခဲ့ပါတယ်။
Photo-Reuters