မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ စတာလင်ဟာ အသင်းနဲ့ အနာဂတ်မရေမရာဖြစ်လာပါတယ်။
နည်းပြ အန်ဇိုမာရက်စ်ကာဟာ ဝါရင့်တိုက်စစ်ကစားသမား ရာဟင်းစတာလင်ကို အသင်းဟောင်း မန်စီးတီးနဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့တာဖြစ်ပြီး နည်းစနစ်ပိုင်းဆိုင်ရာကိစ္စကြောင့် ဖြစ်တယ်လို့ ဖြေရှင်းချက်ပေးပါတယ်။
စတာလင်ရဲ့ ကိုယ်စားလှယ်တွေဘက်ကတော့ လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် တိကျတဲ့ဖြေရှင်းချက်ပေးဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နည်းပြမာရက်စ်ကာကတော့ စတာလင်ရဲ့ ကိုယ်စားလှယ်တွေဘက်က ထုတ်ပြန်ချက်အပေါ် မသိရှိကြောင်း၊ ပွဲထွက်လူစာရင်းကို နည်းပြတွေက ဆုံးဖြတ်ချက်ချရပြီး တခါတလေမှာ ချန်လှပ်ခံရတဲ့ ကစားသမားကကျေနပ်မှာမဟုတ်ကြောင်း ပြောပါတယ်။
စတာလင်ကို အီတလီကလပ် ဂျူဗင်တပ်အသင်းကခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။