Home
အားကစား
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့မှု ရပ်တန့်ကြရန် ကစားသမားများကို ကာရေဂါ တိုက်တွန်း
DVB
·
August 20, 2024

ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့တာ ရပ်တန့်ကြဖို့ ကစားသမားတွေကို အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက တိုက်တွန်းသွားပါတယ်။ 

ချဲလ်ဆီးအသင်းလူစာရင်းမှာ ကစားသမား ၄၀ ကျော်အထိ ရှိနေပြီး စတာလင်၊ ဂေါ်လဂါ၊ လူကာကူ အစရှိတဲ့ ကစားသမားတွေဟာလည်း အဆင်မပြေဖြစ်နေကြတာပါ။

အင်္ဂလန်နဲ့ လီဗာပူးနောက်ခံလူဟောင်း ဂျေမီကာရေဂါကတော့ ကစားသမားတွေအနေနဲ့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့တာ ရပ်တန့်သင့်ပြီဖြစ်ကြောင်း၊ ကစားသမားတဦးအနေနဲ့ အသင်းရဲ့ စီမံကိန်းကို ပြန်ကြည့်ဖို့လိုအပ်ကြောင်း ပြောပါတယ်။

အသင်းကြီးရှိ ကစားသမား ၄၀ ကျော်လောက်ရှိတဲ့အသင်းအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဘယ်လိုနေရာ ထားရှိမလဲဆိုတာကိုလည်း ကာရေဂါက မေးခွန်းထုတ်သွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013