ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့်ပါလ်မာကို တောင်ပံတိုက်စစ်နေရာမှာ ပွဲထွက်ကစားစေခဲ့တဲ့အပေါ် အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဝေဖန်သွားပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်စ်ကာဟာ မန်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါလ်မာကို ညာတောင်ပံ နေရာမှာ ပွဲထွက်အသုံးပြုခဲ့တာပါ။
ဒါဟာ နည်းပြရဲ့ မှားယွင်းသော နေရာချထားမှုဖြစ်ပြီး ပါလ်မာကို သူ့ရဲ့ စိတ်ကြိုက်နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားစေသင့်ကြောင်း အိုဝင်က ပြောပါတယ်။
အကောင်းဆုံးကစားသမားတဦးကို သူ့ရဲ့ အကောင်းဆုံးနေရာမှာသာ ထားကစားသင့်ပြီး ချဲလ်ဆီး မှာ ညာတောင်ပံမှာကစားနိုင်တဲ့ ကစားသမားတွေလည်း အများကြီးရှိကြောင်း အိုဝင်က ထောက်ပြ သွားပါတယ်။
အသင်းတသင်းမှာ အကောင်းဆုံးကစားသမားကို အရင်ဦးဆုံးနေရာချထားပြီးမှသာ တခြားကစားသမားတွေကို နေရာချသင့်ကြောင်းလည်း အိုဝင်က ပြောသွားပါတယ်။
Photo-Reuters