ချဲလ်ဆီးအသင်းဟာ တောင်ပံတိုက်စစ်မှူး ရာဟင်းစတာလင်ကို ရောင်းချသွားဖို့ ဆုံးဖြတ် လိုက်တယ်လို့သိရပါတယ်။
မန်စီးတီးနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ စတာလင်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပြီးနောက် ကစားသမားဖြစ်သူရဲ့ ကိုယ်စားလှယ်တွေဘက်က မကျေနပ်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းဘက်က စတာလင်ကို အသင်းနဲ့ အတူပူးပေါင်းလေ့ကျင့်ခွင့်ပိတ်ပင်ထားတယ်လို့သိရပြီး အသင်းသစ်ရှာမတွေ့ခင်မှာ တဦးတည်းလေ့ကျင့်ခန်း ဆင်းခိုင်းထားပါတယ်။
ချဲလ်ဆီးနည်းပြ မာရက်စ်ကာဟာ စတာလင်နဲ့အတူ နောက်ခံဘူ ဘင်ချီဝဲလ်နဲ့ ချာလိုဘတ်တို့ ကိုပါ လူစာရင်းကနေ ထုတ်ပယ်ထားပြီး အပြောင်းအရွှေ့ကာမပိတ်သိမ်းခင်မှာ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
Photo-Reuters