Home
အားကစား
မန်ယူကွင်းလယ်လူ တွန်မီနေးကို ခေါ်ယူရန် နာပိုလီအသင်း သဘောတူ
DVB
·
August 26, 2024
Photo - REUTERS/Marcelo Del Pozo

အီတလီကလပ် နာပိုလီအသင်းဟာ မန်ယူကွင်းလယ်ကစားသမား မက်တွန်မီနေးကို ခေါ်ယူဖို့ အကြို သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်ရှိ စကော့တလန် ကွင်းလယ်ကစားသမားဟာ မန်ယူအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး နာပိုလီနဲ့ မန်ယူအသင်းတို့ကြားမှာ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း The Athletic သတင်းမှာဖော်ပြပါတယ်။

နာပိုလီအသင်းဟာ တွန်မီနေးအတွက် ပေါင် ၂၅ ဒသမ ၃ သန်းနဲ့ ညီမျှတဲ့ ယူရိုသန်း ၃၀ ပေးချေမှာ ဖြစ်တယ်လို့ သိရပါတယ်။

တွန်မီနေးဟာ မန်ယူအသင်းမှာ နှစ် ၂၀ ကြာကစားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အသင်းကြီးမှာ စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့သူပါ။ လက်ရှိအချိန်အထိ ပွဲပေါင် ၃၀၀ နီးပါး ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013