မန်ယူအသင်းဟာ PSG ကွင်းလယ်လူ အူဂါတီကို ခေါ်ယူနိုင်ရေး အရှိန်မြင့် ကြိုးပမ်းလာနေပါတယ်။
ဥရုဂွေး ကွင်းလယ်ကစားသမားကို မန်ယူအသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပေမဲ့ PSG အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။
ပြင်သစ်သတင်းစာတွေရဲ့ ဖော်ပြအချက်အရ မန်ယူအသင်းဟာ အူဂါတီအတွက် ပေါင် ၅၁ သန်း ဝန်းကျင်နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီး ရက်ပိုင်းအတွင်းမှာ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အူဂါတီဟာ ပြည်သစ် လီဂူဝမ်းအဖွင့်ပွဲစဉ်မှာလည်း လူစာရင်းကနေ ချန်လှပ်ခံထားရတာပါ။ နည်းပြ အင်းနရစ်ဘက်ကပဲ သူ့ရဲ့ နည်းစနစ်နဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အူဂါတီကို အသင်းပြောင်းရွှေ့ခွင့်ပြုထားတယ်လို့ သိရပါတယ်။