Home
အားကစား
ရာသီအဖွင့်ပွဲစဉ်၌ ကစားသမားသစ် ဇက်ဇီး၏ သွင်းဂိုးဖြင့်  မန်ယူနိုင်ပွဲရ
DVB
·
August 17, 2024
Photo -REUTERS

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဩဂုတ် ၁၆ ရက် မနေ့ညက ကန်သွားတဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဖူဟန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး  ၃ မှတ်ရရှိသွားပါတယ်။

မန်ယူအတွက် အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဇက်ဇီးက   ဒုတိယပိုင်းပွဲချိန် ၈၇ မိနစ်မှာ  သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန်တိုက်စစ်မှူး ဇက်ဇီးကို ဘိုလော့နာအသင်းကနေ  မန်ယူအသင်းက အခုနှစ်ရာသီမှာမှ  ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားတဲ့ ကစားသမားသစ် ဖြစ်ပါတယ်။

ဇက်ဇီးဟာ  ဒီပွဲမှာ အကောင်းဆုံးကစားသမားဆု ရရှိသွားသလို ပရီးမီးယားလိဂ်မှာ ပထမဆုံးဝင်ကစားခွင့်ရတဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ နယ်သာလန်ကစားသမားတဦး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေအဖြစ် ဒီနှစ်ရာသီမှာ  ဒီလိုက်နဲ့ မာဇာဝီတို့ကိုလည်း ခေါ်ယူထားပါတယ်။

မန်ယူအသင်းကခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီကွင်းလယ်လူ အူဂါတီဟာ အသင်းလူစာရင်း ကနေ နုတ်ထွက်သွားတယ်လို့သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်းအဖွင့်ပွဲစဉ်အဖြစ်  လီဟာဗေး အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာပါ။

အဲဒီပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်းလူစာရင်းမှာ အူဂါတီ ပါဝင်လာခြင်းမရှိဘဲ မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့်ဖြစ်တယ်လို့ ဂျာနယ်လစ်ရိုမန် နိုက ဖော်ပြပါတယ်။

ဥရုဂွေးကွင်းလယ်လူ အူဂါတီဟာ မနှစ်ကရာသီကမှ ပေါ်တူဂီကလပ်စပို့တင်း လစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့သူပါ။

မန်ယူအသင်းဟာ အူဂါတီကိုခေါ်ယူနိုင်ရေးအတွက်  ပြောင်းရွှေ့ကြေးပမာကို ဆွေးနွေးညှိနိူင်းဖို့ လုပ်ဆေင်နေပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024