မန်ယူနိုက်တက် အသင်းနည်းပြ တန်ဟက်ဂ်က ကစားသမားသစ်ခေါ်ယူမှုကို သည်းခံပေးဖို့အတွက် ပြောဆိုခဲ့ပါတယ်။
အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အသင်းအင်အားတောင့်တင်းအောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
တိုက်စစ်မှူး ဇက်ဇီး အပါအဝင် နောက်ခံလူတွေဖြစ်ကြတဲ့ ယိုရို၊ ဒီလစ်နဲ့ မာဇရာဝီတို့ကို မန်ယူနိုက်တက်က ခေါ်ယူထားတာ တွေ့ရပါတယ်။
ဒါ့အပြင် မန်ယူအသင်းဟာ PSG ကွင်းလယ်လူ အူဂါတီကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်နေပေမဲ့ နည်းပြကတော့ ဒီကိစ္စကို ထည့်မပြောခဲ့ပါဘူး။
တန်ဟက်ဟာ ကစားသမားအပြောင်းအရွှေ့ကိစ္စပဲ ပြောခဲ့ပြီး ပြီးခဲ့တဲ့လက အသင်းကို ပြန်ရောက်လာခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုရဲ့ အကြောင်းကိုတော့ ထည့်ပြောမသွားပါဘူး။
ဒေါ့မွန်အသင်းနဲ့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြခဲ့တဲ့ ဆန်ချိုဟာ ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ မန်ယူအသင်းရဲ့ အဖွင့်ပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရပါတယ်။
မန်ယူနိုက်တက်ဟာ မနေ့ညက ကစားသွားတဲ့ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၂-၁) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။