Home
နိုင်ငံတကာ
ဝူခုန်းဂိမ်း Black Myth သုံးရက်အတွင်း ၁၀ သန်းကျော်ရောင်းရပြီး စံချိန်တင်
DVB
·
August 26, 2024
Photo - Reuters

တရုတ်ဗီဒီယိုဂိမ်း Black Myth: Wukong ဟာ ၈၃ နာရီအတွင်း ၁၀ သန်းကျော် ရောင်းချခဲ့ရပြီး ဂိမ်းခွေလောကမှာ အမြန်ဆုံး ၁၀ သန်းပြည့်တဲ့ ဂိမ်းတခုအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က စတင်ရောင်းချခဲ့တဲ့ ဒီဂိမ်းဟာ သောကြာနေ့မှာ ဒီစံချိန်ကို ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ဂိမ်းထုတ်လုပ်သူ Game Science က လူမှုကွန်ရက် X မှာရေးသားထားပါတယ်။

တချိန်တည်း ကစားတဲ့ ကစားသမားအရေအတွက်မှာလည်း စံချိန်တင်ခဲ့ပြီး ပီစီနဲ့ Playstation ပလက်ဖာင်းတွေမှာ တပြိုင်တည်း ကစားသူ ၃ သန်းအထိ ရှိတဲ့အချိန်ရှိခဲ့ပါတယ်။

မျောက်မင်းစွန်းဝူခုန်းအကြေင်း ဒဏ္ဍာရီကို အခြေတည်ထားတဲ့ action-adventure ဂိမ်းဟာ  Cyberpunk 2077 နဲ့ Elden Ring တို့ကိုကျော်ပြီး Steam ပလက်ဖောင်းမှာ ပထမနေ့ ရေပန်းအစားဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒီဘက်ခေတ်ထဲမှာ အားအကောင်းဆုံး PC ဂိမ်း အဖွင့်နေ့လည်း ဖြစ်ပါတယ်။ အဓိကအားဖြင့် တရုတ်ပြည်မကြီးမှာ တခဲနက် အားပေးခဲ့တာကလည်း အဓိကကျပါတယ်။ ပထမနေ့မှာတင် အမြတ်ငွေရခဲ့ပြီး သုံးရက်အတွင်း အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၄၅၀ ရတယ်လို့ ခန့်မှန်းထားပါတယ်။

ဝူခုန်းဂိမ်းဟာ Elden Ring ထက်ရော Hogwarts Legacy ထက်ရော ပိုမြန်မြန် ၁၀ သန်းပြည့်အောင် ရောင်းရတဲ့ဂိမ်း ဖြစ်လာပါတယ်။

ဒါ့အပြင် တရုတ်ကုမ္ပဏီတခုက ထုတ်တဲ့ဂိမ်းအတွက် အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အငြင်းပွားစရာတွေလည်း ရှိနေပြီး ဂိမ်း stream တဲ့အခါ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေးလို ကိစ္စတွေ ထည့်မပြောဖို့ တားမြစ်ချက်တွေ ထုတ်ခဲ့တာကြောင့်  ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ဂိမ်းရဲ့ ရုပ်ထွက်နဲ့ ဇာတ်လမ်း ကောင်းပေမဲ့ gameplay ပိုင်းကတော့ အကောင်းကြီး မဟုတ်လှဘူးလို့လည်း သုံးသပ်ကြတာရှိပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013