တရုတ်နိုင်ငံ မြို့တော်ပေကျင်းမှာ ပြုလုပ်နေတဲ့ ၂၀၂၄ ကမ္ဘာ့ရိုဘော့ညီလာခံမှာ စိတ်နဲ့ ထိန်းချုပ်လို့ရတဲ့ စက်ရုပ်ခွေးအပါအဝင် လူပုံတူ စက်ရုပ်တွေကို ပြသခဲ့ပါတယ်။
ဒီပြပွဲမှာ ဦးနှောက်နဲ့ စက်တွေကို ထိန်းချုပ်မှုက လူတွေရဲ့ စိတ်ဝင်စားမှုဖြစ်ခဲ့ပြီး စက်ရုပ်နည်းပညာမှာ တရုတ်နိုင်ငံရဲ့ ထူးချွန်မှုကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
စက်ရုပ်လက်တွေရဲ့ လှုပ်ရှားမှုပြုလုပ်တာကလည်း ပြပွဲလည်ပတ်တဲ့သူတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။
AI နည်းပညာအသုံးပြုထားတဲ့ စက်ရုပ်လက်တွေမှာ ကင်မရာတွေ တပ်ဆင်ထားပြီး တိကျပြီး၊ သေချာတဲ့ ခန့်မှန်းနိုင်စွမ်းတွေကိုပါ ပေါင်းစပ်ထားပါတယ်။
လက်လှုပ်ရှားမှုတွေ အမျိုးပေါင်း ဒါဇင်ချီပြီး စွမ်းဆောင်နိုင်ကာ လူတွေရဲ့ လက်လှုပ်ရှားမှုအတိုင်း AI မော်ဒယ်တွေနဲ့ လေ့ကျင့်မှုပြု လုပ်ထားတာပါ။
ပြပွဲလာသူတွေ အံ့အားသင့်ရတဲ့ နောက်ထပ်ပြကွက်တခုကတော့ စက်ရုပ်ခွေးကို အတွေးတွေနဲ့ ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။
ဒါဟာ BCI ဦးနှောက်ကွန်ပျူတာနည်းပညာကို အသုံးပြုပြီး ဦးနှောက်ရဲ့ လှိုင်းတွေကို ဖမ်းယူကာ ပြန်လည်အသုံးချတာပဲ ဖြစ်ပါတယ်။
ဒီပြသမှုမှာ ထိန်းချုပ်သူက အထူးပြုလုပ်ထားတဲ့ ခေါင်းပတ်ကို ပတ်ထားရမှာဖြစ်ပြီး လျှပ်တပြက်ပေါ်လာတဲ့ ပုံတွေကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
ဦးနှောက်လှိုင်းတွေကို တိုက်ရိုက်ဘာသာပြန်ပြီး စက်ရုပ်ခွေးတွေရဲ့ လှုပ်ရှားမှု ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။
၂၀၂၄ ကမ္ဘာ့စက်ရုပ်ညီလာခံကို ပေကျင်းမြို့မှာ ဩဂုတ် ၂၁ ရက်ကနေ ၂၅ ရက်အထိ ကျင်းတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ ဒီပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး စက်ရုပ်နဲ့ပတ်သက်တဲ့ နောက်ဆုံးစမ်းသပ်မှုတွေကို ပြသလေ့ရှိပါတယ်။
Source-Reuters