တရုတ်နိုင်ငံပုံစံ e-commerce မှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စွမ်းအင်သစ်တွေ ရှာဖွေသွားမှာဖြစ်ကြောင်း ဖီဂျီဝန်ကြီးချုပ် ရာဘူကာက ပြောပါတယ်။
ကျွန်းနိုင်ငံဖြစ်တဲ့ ဖီဂျီနိုင်ငံဟာ တရုတ်နိုင်ငံလိုမျိုး e-commerce မှာ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ထားပြီး နည်းပညာတွေ တိုးတက်ဖို့လည်း ရည်ရွယ်တယ်လို့ ဝန်ကြီးချုပ်ရာဘူကာက ဆိုပါတယ်။
တရုတ်မီဒီယာ CMG ရဲ့ အင်တာဗျူးမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလမ်းကြောင်းကို သဘောကျကြောင်း ရာဘူကာက ပြောဆိုခဲ့တာပါ။
ရာဘူကာဟာ တရုတ်နိုင်ငံကို ဩဂုတ် ၁၂ ရက်ကနေ ၂၁ ရက်အထိ ဖိတ်ကြားချက်အရ အလည်အပတ်ခရီးစဉ်လာ ရောက်ခဲ့တာဖြစ်ပါတယ်။
ဖီဂျီနိုင်ငံဟာ ပစိဖိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ၂၀၅၀ Blue Pacific နိုင်ငံများ ပူးပေါင်းဆောင် ရွက်မှု မှာ ပါဝင်တဲ့နိုင်ငံဖြစ်ပါတယ်။
၂၀၅၀ ဗြူဟာအရ ပစိဖိတ်ဒေသတွင်းနိုင်ငံတွေ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှု၊ လုံခြုံမှု၊ လူမှုရေးပါဝင်ဆောင်ရွက်မှုနဲ့ ချမ်းသာကြွယ်ဝမှုစတဲ့ ရည်ရွယ်ချက်တွေနဲ့ အတူပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ရာဘူကာရဲ့ တရုတ်အလည်အပတ်ခရီးစဉ်ထဲမှာ ၂၀၂၀ ပြည့်နှစ်တုန်းက အရမ်းဆင်းရဲခဲ့တဲ့ ယူနန်ခရိုင် မာလီပိုဒေသကို သွားရောက်လည်ပတ်မှု ပါဝင်ပါတယ်။
ဒါ့အပြင် ရာဘူကာဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ကားတွေအတွက် လစ်သူနီယံအိုင်းယွန်းဘယ်ထရီထုတ်လုပ်တဲ့နေရာကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။
ဘယ်ထရီစွမ်းအင်အသုံးပြုမှုကို ရာဘူကာက စိတ်ဝင်စားနေပြီး ဖီဂျီနိုင်ငံမှာလည်း စွမ်းအင်သစ်ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်ဆောင်ဖို့ ဆန္ဒရှိနေတာပါတယ်။
တရုတ်နိုင်ငံရဲ့ e-commerce စနစ်ဖွံ့ဖြိုးတိုးတက်မှုကို ရာဘူကာက ချီးကျူးခဲ့ပြီး ဖီဂျီနိုင်ငံမှာ လည်း အဲ့ဒီလို စီးပွားရေးစနစ်ထူထောင်ဖို့ မျှော်လင့်နေပါတယ်။
ဖီဂျီနိုင်ငံဟာ ကျွန်းနိုင်ငံလေးဖြစ်ပြီး အရင်းအမြစ်နည်းပါးမှု လူဦးရေ နည်းပါးမှုနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ဖိုလည်း လိုအပ်ချက်တွေ ရှိနေပါသေးတယ်။
Source-Reuters