လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စအပေါ် မစဉ်းစားသေးကြောင်း နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
ဟော်လန် နောက်ခံကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်ရှိတော့တာပါ။ လက်ရှိအချိန်အထိ သက်တမ်းတိုးဖို့ကိစ္စ ဆွေးနွေးမှု မရှိသေးသလို စာချုပ်ကိစ္စအပေါ်မှာလည်း မစဉ်းစားနိုင်သေးကြောင်း၊ လက်ရှိ ဘောလုံးရာသီမှာ အောင်မြင်မှုရယူနိုင်ဖို့အတွက်သာ အာရုံစိုက်ထားကြောင်း ဗန်ဒိုက်ပြောပါတယ်။
အသင်းအတွက် အရေးပါတဲ့ ကစားသမားတဦးအဖြစ် ဆက်ရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လာမယ့်ရာသီမှာတော့ ဘာတွေဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ဗန်ဒိုက် ပြောပါတယ်။
လီဗာပူးအသင်းမှာ အမာခံကစားသမားတွေဖြစ်တဲ့ မိုဆာလာနဲ့ အာနိုးလ်တို့ဟာလည်း စာချုပ်သက်တမ်းတနှစ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။