လီဗာပူးအသင်းဟာ ဆိုစီဒက်အသင်းကနေ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၅ နှစ်ရှိ ကွင်းလယ်ခံစစ်ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲမှာ ရိုဒရီရဲ့နေရာကို အစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သူပါ။
လီဗာပူးအသင်းဟာ နည်းပြသစ် အမ်းစလော့လက်ထက်မှာ ကစားသမားတဦးမှ ခေါ်ယူထားခြင်းမရှိသေးဘဲ ဇူဘီမန်ဒီက ပထမဆုံးခေါ်ယူမှုဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းသုံးသပ်ကြပါတယ်။
ဇူဘီမန်ဒီအတွက် စာချုပ်ဖျက်သိမ်ကြေးအဖြစ် ပေါင် ၅၁ သန်းခွဲ သတ်မှတ်ထားပြီး လီဗာပူး အသင်းကအပြီးသတ်ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာပါ။
အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ကစားသမားဖြစ်သူရဲ့ ဆန္ဒကသာ အခရာ ဖြစ်နေပြီး ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် ချဖို့ရှိပါတယ်။
ဇူဘီမန်ဒီဟာ ကစားသမား ဘဝတလျှောက် လုံးဆိုစီဒက်အသင်းမှာပဲကစားခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters