ဟော်လန်နဲ့ လီဗာပူးအသင်းတွေနဲ့ အနာဂတ်အပေါ် ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်သွား မယ်လို့ နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
ဟော်လန်အသင်းက အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ယူရိုပြိုင်ပွဲကနေ ထွက်ခွါခဲ့ရတဲ့နောက်မှာ အနာဂတ်နဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်မယ့် အကြောင်း ဗန်ဒိုက်က ပြောသွားတာပါ။
နိုင်ငံအသင်းနဲ့ ကလပ်တွေမှာ ကိုယ်ဘာကို လိုချင်သလဲဆိုတာနဲ့ ပတ်သက်လို့ ဂရုတစိုက်နဲ့ စဉ်းစားသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရှုံးနိမ့်မှုကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ လုပ်ဆောင်မယ်လို့ ဗန်ဒိုက်က ပြောပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ရောက်ရှိနေပြီး နည်းပြ ယာဂန်ကလော့ပ်အလွန်မှာ အကြီးမားဆုံးသော ဆုံးဖြတ်ချက် ချမှတ်သွားရဖို့ရှိပါတယ်။ သူ့ကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေကလည်း ကမ်းလှမ်းထားပါတယ်။
Photo-Reuters