တဦးချင်းထက် အသင်းလိုက်စွမ်းဆောင်ရည်ကို ပိုပြီးယုံကြည်ကြောင်း လီဗာပူးနည်းပြ အာနဲစလော့က ပြောသွားပါတယ်။
အစ်ဆွစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆာလာက တဂိုးသွင်း၊ တဂိုး ဖန်တီးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့အပေါ် နည်းပြ အာနဲစလော့က သုံးသပ်ခဲ့တာပါ။
ဆာလာဟာ လီဗာပူးမှာ နှစ်ပေါင်းများစွာဆက်ရှိပြီး အသင်းကို ဆက်လက်ကူညီပေးမှာဖြစ်ပေမဲ့ တဦးချင်း ခြေစွမ်းထက် အသင်းလိုက် ခြေစွမ်းအပေါ် ပိုပြီးယုံကြည်အားထားကြောင်း နည်းပြ အာနဲစလော့က ပြောပါတယ်။
ဆာလာ ဂိုးသွင်းပြီး ဂိုးဖန်တီးနိုင်ခဲ့တာက တခြားကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း ပါဝင်ကြောင်း၊ ဆာလာ ခြေစွမ်းပြနိုင်ဖို့ အသင်းသားတွေရဲ့ အကူအညီလိုအပ်ကြောင်း နည်းပြအာနဲစလော့က ပြောသွားပါတယ်။
Photo-Reuters