လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ကိစ္စ ကိုင်တွယ်ပုံတွေအပေါ် အသင်းကစားသမားဟောင်း ဂျေမီကာရေဂါက ဝေဖန်ပြစ်တင်သွားပါတယ်။
လီဗာပူးဟာ ဆိုစီဒက်အသင်းက စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ အပြောင်းအရွှေ့ဖြစ်မလာခဲ့တာပါ။
အဲဒီလို ဖြစ်ခဲ့တာက အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် ကိုင်တွယ်မှုတွေမှာ ပြဿနာရှိတယ်ဆိုတာ ပြသနေကြောင်း ကာရေဂါက ပြောပါတယ်။
စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ပေမဲ့ လီဗာပူးအသင်းရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက အနာဂတ်အထိပြဿနာဖြစ်လာနိုင်တယ်လို့ ကာရေဂါက ပြောပါတယ်။
လီဗာပူးအသင်းဟာ နည်းပြသစ်အမ်းစလော့လက်ထက်မှာ ကစားသမားခေါ်ယူမှု တဦးမှ လုပ်ဆောင်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။