တိုက်စစ်မှူးတဦးခေါ်ယူသွားဖို့ရှိကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာ အတည်ပြုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်ရာသီမှာကစားသမား ၁၁ ဦးအထိ စာချုပ်ခေါ်ယူထားပြီး အငှားချထားတဲ့ ကစားသမားတွေလည်း ပြန်လည်ပူးပေါင်းနေတာကြောင့် လူစာရင်းဖောင်းပွ နေတာပါ။
နည်းပြ မာရက်စ်ကာကတော့ အခွင့်အရေးရှိလာခဲ့မယ်ဆိုရင် အသင်းရဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့အတွက် တိုက်စစ်မှူးတဦး ခေါ်ယူသွားဖို့ရှိသေးကြောင်း ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆီမန်ကိုခေါ်ယူဖို့ ဆွေးနွေးညှိနှိုင်းနေပြီး တိုက်စစ်မှူးလူကာကူကိုလည်း နာပိုလီအသင်းက ပြန်လည်ခေါ်ယူဖို့ ကမ်းလှမ်းထား ပါတယ်။
Photo-Reuters