ချဲလ်ဆီးအသင်းမှာ ကစားသမား ၂၈ ဦးနဲ့သာ လေ့ကျင့်ခန်းပြုလုပ်နိုင်ကြောင်း နည်းပြ မာရက်စ်ကာက အတည်ပြုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်အပြောင်းအရွှေ့မှာ ကစားသမားစုစုပေါင်း ၁၂ ဦးလောက် ခေါ်ယူထားတာပါ။
ရှိရင်းစွဲကစားသမားတွေအပြင် အငှားစာချုပ်ပြည့်ပြီး ပြန်လာတဲ့ကစားသမားတွေပါ ပေါင်းထည့်မယ်ဆိုရင် ကစားသမား ၄၃ ဦး အထိရှိနေတာပါ။
နည်းပြမာရက်စ်ကာ ကတော့ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်တာက ၂၈ ဦးသာရှိကြောင်း၊ ကစားသမားအများအပြား လေ့ကျင့်နိုင်ခြင်းမရှိတာက ကောင်းမွန်တဲ့အချက်မဟုတ်ကြောင်း ပြောပါတယ်။
အသင်းနဲ့ လေကျင့်ခန်းဆင်းခွင့်မရတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး လူကာကူနဲ့ ဂိုးသမား ကတ်ပါတို့လို နာမည်ကြီး ကစား သမားတွေလည်း ပါဝင်နေတာပါ။
ကွင်းလယ်ကစားသမား ဂေါ်လဂါကိုလည်း တဦးတည်းလေ့ကျင့် စေပြီး အသင်းနဲ့ အဖြေတခု ရှာဖွေသွားဖို့ လိုအပ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
Photo-Reuters