Home
အားကစား
အင်္ဂလန်ပွဲထွက်လူစာရင်းတွင် ကစားသမား ၃ ဦးအပြောင်းအလဲလုပ်ရန် အလန်ရှီးယားပြော 
DVB
·
July 3, 2024
Photo -REUTERS

အင်္ဂလန်အသင်းအနေနဲ့ ဆွစ်ဇာလန်နဲ့ ကစားရမယ့် ယူရို ၂၀၂၄  ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကစားသမား ၃ ဦးလောက် အပြောင်းအလဲလုပ်သင့်တယ်လို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အကြံပြုတိုက်တွန်း ပါတယ်။

ဆွစ်နဲ့ ပွဲစဉ်မှာ အင်္ဂလန်နောက်ခံလူ မက်ဂေဟီက ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပြီး နောက်ခံလူ ကွန်ဆာက အစားထိုးပွဲထွက်သွား ဖို့ရှိပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ အင်္ဂလန်ပွဲထွက်လူစာရင်းမှာ လူငယ် ကစားသမားတွေကို ပွဲထွက်ခွင့်ပေးဖို့ တိုက်တွန်းသွားပါတယ်။

မန်ယူကွင်းလယ်ကြယ်ပွင့် မိန်နူးဟာ ဆလိုဗက်ကီးယားနဲ့ပွဲမှာ လုံလောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့လို့ ပွဲထွက်ခွင့် ဆက်လက်ပေးရမှာဖြစ်တယ်လို့ အလန်ရှီးယားက ပြောပါတယ်။

ဒါ့အပြင် ကိုးလ်ပါလ်မာနဲ့ အန်တိုနီဂေါ်ဒွန်တို့ကိုလည်း ပွဲထွက်ခွင့်ပေးသင့်ပြီး ဘယ်နောက်ခံလူနေရာမှာ ထရစ်ပီယာဒဏ်ရာရနေလို့ ကွန်ဆာကို ပွဲထွက်ခွင့်ပေးသင့်ကြောင်း အလန်ရှီးယားက တိုက်တွန်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013