အသင်းကနေ ကစားသမား ၇ ဦးကို ထွက်ခွာခွင့်ပေးလိုက်ကြောင်း မန်ယူအသင်းကတရားဝင် သတင်းထုတ်ပြန်သွားပါတယ်။
စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာခွင့်ပေးလိုက်တဲ့ကစားသမားတွေထဲမှာ ဗာရန်းနဲ့ မာစီယယ်တို့လည်း ပါဝင်ပါတယ်။
လူငယ်အသင်းက နောက်ခံလူ ဘရန်ဒန်ဝီလီယံနဲ့ ဟတ်ဒယ်စတုန်းစ်၊ ချာလီမက်နေးလ်၊ မားကပ်လောရန့်နဲ့ ပလမ်လေတို့ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။
လူငယ်ကစားသမားတွေထဲကနေ ရိူလာရှောတိုင်ယာ၊ အိုမာရီဖော်ဆန် တို့ကိုတော့ အသင်းမှာ ဆက်ထိန်းနိုင်ဖို့အတွက် သက်တမ်းတိုးဖို့ ဆွေးနွေးနေပါတယ်။
ဒါ့အပြင် နောက်ခံလူ ဂျွန်နီအီဗန်နဲ့ တွမ်ဟိတန်တို့ကိုလည်း သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။