ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာလာခဲ့တာဟာ လွတ်မြောက်သွားသလို စိတ်သက်သာရာရမှု ခံစားရကြောင်း ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ပြောသွားပါတယ်။
အမ်ဘာပေဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့လာခဲ့တာပါ။
မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ခဲ့တာဟာ ငယ်ဘဝအိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပြီး အလွန်ပျော်ရွှင်ရသလို လွတ်မြောက်မှုနဲ့ စိတ်သက်သာရာရမူတွေပါ တပြိုင်နက် ခံစားရကြောင်း အမ်ဘာပေက ပြောပါတယ်။
နည်းပြလူးဝစ်အင်းနရစ်နဲ့ ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်တို့သာမရှိဘူးဆိုရင် ကွင်းပေါ်မှာ ခြေချခဲ့မှာမဟုတ်ကြောင်း၊ သူတို့နှစ်ဦးက ကယ်တင်ပေးခဲ့ကအမှန်တရားဖြစ်ကြောင်း အမ်ဘာပေက ပြောပါတယ်။
တချိန်တည်းမှာပဲ အမ်ဘာပေကို ပေးချေရမယ့် ဆုကြေးနဲ့ လုပ်ခ ပေါင် သန်း ၇၀ လောက်ကို ပီအက်စ်ဂျီဘက်က မပေးခဲ့ကြောင်း သတင်းတွေကို အသင်းဘက်က ငြင်ဆန်းသွားပါတယ်။