Home
နိုင်ငံတကာ
ရုရှား ကာ့စ်ခ်ဒေသရှိ ပစ်မှတ်များကို ယူကရိန်းက အမေရိကန်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့
DVB
·
August 23, 2024
Photo-UKRAINE'S AIR FORCE COMMANDER MYKOLA OLESHCHUK

ယူကရိန်းက သိမ်းပိုက်ထားတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသရှိ ရုရှားစစ်ကြောင်း ကွပ်ကဲရေးစခန်းကို တိုက်ခိုက်ရာမှာ ပစ်မှတ်တွေကို ထိမှန်ဖို့အတွက် ယူကရိန်းလေတပ်ဟာ အမေရိကန်လုပ် GBU-39 ဗုံးကို အသုံးပြုခဲ့ကြောင်း သြဂုတ် ၂၂ ရက်မှာ ဗီဒီယိုဖိုင် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် အပါအဝင် ကိယက်ဗ်ရဲ့ မဟာမိတ်တွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးထားပေမဲ့ တိုက်ခိုက်မှုတွေကြောင့် NATO နိုင်ငံတွေကို ယူကရိန်း-ရုရှား စစ်ပွဲဆီ ဆွဲခေါ်သလို ဖြစ်ပြီးတော့ ရုရှားဆီက လက်တုံ့ပြန်မှု ဖြစ်ပေါ်စေမှာကို စိုးရိမ်နေတာကြောင့် ရုရှားနိုင်ငံအတွင်း ဘယ်အချိန်မှာ ဘယ်လိုတိုက်ခိုက် အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ချမှတ်ထားတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို ယူကရိန်းရဲ့ ကျူးကျော်မှုမှာ အဓိကအချက်ဟာ လပေါင်း ၃၀ ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ စနစ်တကျ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ ကာ့စ်ခ်ဒေသရှိ သူ့ရဲ့ အဓိကရည်မှန်းချက်တွေကို အနီးကပ် စောင့်ကြည့်နေပြီး ရုရှားက ယူကရိန်းရှိ ပစ်မှတ်တွေကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေနဲ့ ချေမှုန်းရာမှာ အသုံးပြုခဲ့တဲ့ ဧရိယာတခုကနေ ကြားခံဇုန်တခုကို ထွင်းထုထားတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုကို ကာကွယ်ဖို့အတွက် ယူကရိန်း အထူးတပ်ဖွဲ့တွေဟာ ရုရှားလုပ် ဗောတံတားတွေကို အမေရိကန်လုပ်လက်နက်တွေနဲ့ ဖျက်ဆီးပစ်ခဲ့တဲ့ ဗီဒီယိုကို သြဂုတ် ၂၁ ရက်က ပြသခဲ့ပြီး ဆိမ်းမ်မြစ်ပေါ်ရှိ တံတား ၃ စင်းထက်မနည်း ပျက်စီးခဲ့ကြောင်း ရုရှားက ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013