ရုရှားနိုင်ငံ အနောက်ပိုင်းက ယူကရိန်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ခုရ်စ်ခ်ဒေသထဲကို အမေရိကန်သတင်းထောက်တွေ တရားမဝင် ဝင်လာတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မြို့တော် မော်စကိုမြို့က အမေရိကန်သံရုံးရဲ့ သံအမတ်ကြီး စတက်ဖနီ ဟုမ်းစ်ကို အင်္ဂါနေ့မှာ ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။
ခုရ်စ်ခ်ဒေသတွင်းမှာ ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ၊ အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိတွေ ရှိနေပါတယ်။
ရုရှားအပေါ် ငြင်းဆိုထားပေမဲ့ ဒီလုပ်ရပ်တွေဟာ ယူကရိန်းရဲ့ တိုက်ခိုက်မှုမှာ အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သက်သေပြခဲ့တာပဲလို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အလေးပေး ပြောဆိုပါတယ်။
သက်ဆိုင်ရာ အေဂျင်စီတွေက ရုရှားဥပဒေနဲ့အညီ လိုအပ်တဲ့ စုံစမ်းစစ်ဆေးရေး အစီအမံတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံခြားအကြံပေးတွေနဲ့ ကြေးစားတွေက ရုရှားနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ရင် ရုရှားတပ်ဖွဲ့တွေရဲ့ တရားဝင် စစ်ဘက်ဆိုင်ရာပစ်မှတ်တွေ အလိုအလျောက် ဖြစ်လာမယ်လို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အမေရိကန်ပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ Forward Observations Group က သူ့ရဲ့ လူမှုမီဒီယာ အကောင့်မှာ ရွေ့လျားသွားလာနိုင်သော ဘက်စုံသုံးဘီးတပ် စစ်ယာဉ်တစီးရှေ့မှာ စစ်ဝတ်စုံတွေ ဝတ်ထားတဲ့ အမျိုးသား ၃ ယောက်ရဲ့ ဓာတ်ပုံကို အစောပိုင်းက ဖော်ပြခဲ့တယ်လို့ ရုရှား Today သတင်းဌာန (RT) က ဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံရဲ့ အလယ်ဗဟိုက အမျိုးသားဟာ ရုရှားနိုင်ငံ ခုရ်စ်ခ်ဒေသအဖြစ် သတ်မှတ်ထားတဲ့ ရိုက်ကူးရေးနေရာမှာ ကုမ္ပဏီကို တည်ထောင်သူ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံ ရီယာ နိုဗိုစတီ သတင်းဌာနကလည်း အဲဒီသတင်းကို ဖော်ပြခဲ့ပြီး ဒီဓာတ်ပုံဟာ ခုရ်စ်ခ်ဒေသကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်သားတွေ ပါဝင်ပတ်သက်မှုကို ဖော်ပြနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Source-Reuters