အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ်ဂါလန့်ထ်တို့ဟာ အစ္စရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ အဆင်သင့်ပဲလို့ သြဂုတ် ၂၁ ရက်က သူတို့ရဲ့ အစ္စရေးမြောက်ပိုင်းနဲ့ ဂါဇာကမ်းမြောင် အသီးသီးသော ခရီးစဉ်တွေအတွင်းမှာ ကြေညာခဲ့ပါတယ်။
အစ္စရေးမြောက်ပိုင်းရှိ ရာမတ် ဒေးဗစ်လေတပ်အခြေစိုက်စခန်းကို သွားရောက်တဲ့ နေတန်ယာဟုက သူဟာ အနီးအဝေး ၂ မျိုးလုံးက ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာကို အနီးကပ်စောင့်ကြည့်ဖို့ လေတပ်အခြေစိုက်စခန်းမှာ ရောက်ရှိနေတာဖြစ်ပြီး ခံစစ်နဲ့ ထိုးစစ် ၂ မျိုးလုံးအတွက် အသင့်ရှိနေကြောင်း ပြောပါတယ်။
အဲဒီနေ့မှာပဲ ကာကွယ်ရေးဝန်ကြီး ဂါလန့်ထ်ဟာ ရာဖာတပ်မဟာရဲ့ ရှုံးနိမ့်မှုနဲ့ ဥမင်လိုဏ်ခေါင်းပေါင်း ၁၅၀ ကျော် ပျက်စီးသွားတဲ့ ဂါဇာကမ်းမြောင်က စစ်ဆင်ရေးတခုကို အကဲဖြတ်ခဲ့ပါတယ်။
သူ့အမြင်နဲ့ သူ့ခံယူချက်အရ အရေးကြီးဆုံးက ဟားမတ်စ်နဲ့ ဓားစာခံတွေနဲ့ ပတ်သက်တဲ့ စစ်ပွဲရဲ့ ပန်းတိုင်အားလုံးကို ပြည့်မီအောင်လုပ်ဖို့နဲ့ မြောက်ပိုင်းကို ကြည့်ရှုထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Source-Reuters