Home
အားကစား
ဂျပန်တိုက်စစ်မှူး ဖာရူဟာရှီကို ခေါ်ယူရန် မန်စီးတီးကြိုးပမ်း
DVB
·
August 22, 2024
Photo -REUTERS

မန်စီးတီးအသင်းဟာ စကော့တလန်ကလပ်ဆဲလ်တစ်က ဂျပန်တိုက်စစ်မှူး ဖာရူဟာရှီကိုခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

အက်သလက်တီကိုအသင်းဆီပြောင်းရွှေ့သွားတဲ့ ဂျူလီယန်အဲလ်ဗာရက်ဇ် နေရာမှာ အစားထိုးဖို့အတွက်ဖြစ်ပြီး အပြောင်းအရွှေ့မပိတ်ခင်မှာ အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေတာပါ။

အသက် ၂၉ နှစ်ရှိ ဂျပန်တိုက်စစ်မှူးဟာ  ၂၀၂၁ ခုနှစ်ကတည်းက ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေး ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း စုစုပေါင်း ၁၃၅ ပွဲမှာ ၇၃ ဂိုးသွင်းယူထားသူပါ။

၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဖာရူဟာရှီကို ပေါင်သန်း ၂၀ လောက် ပေးချေမယ်ဆိုရင် ဆဲလ်တစ်အသင်းဘက်က ထွက်ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။

ဆဲလ်တစ်အသင်းဟာ နောဝှစ်ချ်တိုက်စစ်မှူး အဒမ်အိုင်ဒန်ကိုလည်း  ခေါ်ယူထားပြီးဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013