မန်စီးတီးအသင်းဟာ ဘာစီလိုနာမှာ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ဂွမ်ဒိုဂမ်ကို ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
ဂွမ်ဒိုဂမ်က ဘာစီလိုနာရဲ့ လုပ်ခလစာအများဆုံး ကစားသမားတွေထဲမှာပါဝင်ပြီး ဘာစီလိုနာဘက်က လုပ်ခလျှော့ချလိုတဲ့အပြင် နည်းပြဟမ်ဆီ ဖလစ်ကလည်း ပုံမှန်ပွဲထွက်ခွင့် အာမခံမှာမဟုတ်ကြောင်း ပြောဆိုထားတာပါ။
ဒီအခြေအတွေကြောင့် ဘာစီလိုနာကနေ ထွက်ခွါဖို့ ဂွမ်ဒိုဂမ်ဘက်က ဆုံးဖြတ်ခဲ့ပြီး ဘာစီလိုနာဘက်ကလည်း လက်ခံခွင့်ပြုထားတယ်လို့သိရပါတယ်။
မန်စီးတီးနဲ့ အတူ တရာသီအတွင်းဆုဖလားသုံးလုံးရယူ နိုင်ခဲ့တဲ့ ဂွမ်ဒိုဂမ်ကို နည်းပြဂွါဒီယိုလာက ပြန်လည်ခေါ်ယူဖို့ သဘောတူခဲ့ပြီး ရက်ပိုင်းအတွင်းမှာ အပြောင်းအရွှေ့ဖြစ်လာဖို့ရှိပါတယ်။
အသက် ၃၃ နှစ်ရှိ ဂျာမန်ကွယ်လယ်ကစားသမားဟာ မန်စီးတီးအသင်းကို နည်းပြဂွါဒီယိုလာရောက်ရှိလာချိန်က ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
Photo-Reuters