ဂျာမန်ကွင်းလယ်ကစားသမား ဂွမ်ဒိုဂမ်ဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
မန်စီးတီးကစားသမားဟောင်းဟာ မနှစ်ကရာသီကမှ နူးကမ့်ဆီ ပြောင်းရွှေ့လာသူဖြစ်ပေမဲ့ အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေပြီး ထွက်ခွာခွင့်တောင်းဆိုခဲ့ကြောင်း စပိန်သတင်းစာ Sport က ဖော်ပြပါတယ်။
ဘာစီလိုနာနည်းပြ ဟမ်ဆီဖလစ်ခ်ကတော့ ဂွမ်ဒိုဂမ် ထွက်ခွာခွင့် တောင်းဆိုတဲ့သတင်းအပေါ် တိတိကျကျ ပြောမသွားပေမဲ့ အသင်းအတွင်းထဲမှာပဲ ဖြေရှင်းသွားရမှာ ဖြစ်ပြီး အသင်းမှာဆက်လက်ရှိနေလိမ့်မယ်လို့ ပြောပါတယ်။
အသက် ၃၃ နှစ်ရှိ ကွင်းလယ်ကစားသမားကို မော်ရင်ညိုကိုင်တွယ်နေတဲ့ တူရကီကလပ် ဖီနာဘာချီအသင်းကလည်း ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့သိရပါတယ်။