လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အာနိုးလ်ကို စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
အင်္ဂလန်ညာနောက်ခံလူဟာ လီဗာပူးနဲ့ ၁၂ လ စာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီး သက်တမ်းတိုးဖို့ ကြန့်ကြာနေတာပါ။
အဲဒီအခြေအနေကို စပိန်ထိပ်သီးအသင်းတွေက စောင့်ကြည့်နေပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
အာနိုးလ်ဟာ လူငယ်နောက်ခံလူ ဘရက်ဒ်လေကို အခွင့်အရေးပေးချင်တာကြောင့် စပိန်ထိပ်သီးကလပ်တွေဘက်က ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံစဉ်းစားနိုင်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဘက်ကတော့ အာနိုးလ်ကို တပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ အထိတိုးပေးပြီး သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Photo-Reuters