ယူကရိန်းနဲ့ ရုရှား နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ လုံခြုံရေး အားကောင်းစေဖို့ ရုရှားက စစ်ဘက်ဆိုင်ရာ အဖွဲ့သစ် ၃ ဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘယ်လာဆော့ဗ်က သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။
ခုရ်စ်ခ်၊ ဘယ်လ်ဂိုရော့ဒ်နဲ့ ဘယန့်စ်ခ် စစ်အုပ်စုတွေရဲ့ တပ်မှူးတွေနဲ့ ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူတွေနဲ့ နယ်မြေတွေကို မောင်းသူမဲ့လေယာဉ်တွေ၊ တခြားနည်းလမ်းတွေနဲ့ တိုက်ခိုက်မခံရအောင် ကာကွယ်ဖို့ တာဝန်ရှိပါတယ်။
“လက်ရှိမှာ ခုရ်စ်ခ် ဒေသမှာ ရှိနေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယူနွတ်စ် ဘေ့ခ် ယေ့ဗ်ကူရော့ဗ်ကို ညှိနှိုင်းရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲအဖြစ် ကျနော် ခန့်အပ်ပြီးပြီ။ ဒီအရာရှိတွေဟာ ၂၄ နာရီပတ်လုံး ဒေသတွေနဲ့ တိုက်ရိုက်ထိတွေ့ရမယ်ဆိုတာကို ထပ်ပြီး အလေးပေး ပြောချင်တယ်” လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အုပ်စုတွေကို ခုရ်စ်ခ်၊ ဘယ်လ်ဂိုရော့ဒ်နဲ့ ဘယန့်စ်ခ် ဆိုပြီး ဒေသတွေကို အစွဲပြု နာမည်ပေးထားပါတယ်။
ရုရှားစစ်တပ် ထိပ်တန်းအရာရှိတွေအတွက် အကြီးအကျယ် အရှက်ရစရာအဖြစ် ယူကရိန်း တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ရုရှားနိုင်ငံ အနောက်ဘက်နယ်စပ် ခုရ်စ်ခ်ဒေသမှာ သြဂုတ် ၆ ရက်ကစပြီး ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။
Source-Reuters