တရုတ်ဝန်ကြီးချုပ် လီချန်ဟာ ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မစ်ရှုစတင်နဲ့ ဘီလာရုစ် ဝန်ကြီးချုပ် ရိုမန် ဂိုလိုချန်ကို တို့ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ ရုရှားနိုင်ငံဆီသွားပြီး ၂၉ ကြိမ်မြောက် တရုတ်နဲ့ ရုရှားအစိုးရ အကြီးအကဲများ ပုံမှန်အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၉ ရက် ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်ဟာ တရုတ်-ရုရှား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး တရုတ်-ရုရှား ယဉ်ကျေးမှုနှစ်တွေရဲ့ ပထမဆုံးနှစ်လည်း ဖြစ်ပါတယ်။
သမ္မတ ၂ ဦးရဲ့ မဟာဗျူဟာ လမ်းညွှန်မှုအောက်မှာ တရုတ်-ရုရှား ဆက်ဆံရေးဟာ ပြင်ပက အနှောင့်အယှက်တွေကို ကျော်လွှားပြီး တည်ငြိမ်တဲ့ တိုးတက်မှုရဖို့ ထိန်းသိမ်းထားပါတယ်လို့ တရုတ် နိုင်ငံခြားရေးပြောခွင့်ရ မော်နင်က ပြောပါတယ်။
ရုရှားခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ ရုရှားဝန်ကြီးချုပ် မစ်ရှုစတင် တို့ဟာ ၂၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အရေးကြီးတဲ့ ဘုံစိုးရိမ်မှုဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြမယ်လို့ မော်နင်က ဆက်ပြောပါတယ်။
ဘီလာရုစ်နိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီချန်နဲ့ ဘီလာရုစ် ဝန်ကြီးချုပ် ရိုမန် ဂိုလိုချန်ကိုတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နယ်ပယ်အသီးသီးမှာ အမြင်ချင်းဖလှယ် ဆွေးနွေးကြမယ်လို့လည်း မော်နင်က ဆက်ပြောခဲ့ပါတယ်။
Source-Reuters