ရုရှားနိုင်ငံ၊ ချေချင်ညာဒေသခေါင်းဆောင် ရမ်ဇန် ကေဒရော့ဗ်ဟာ Tesla ကုမ္ပဏီက ထုတ်တဲ့ Cybertruck မှာ စက်သေနတ်ကြီးတပ်ပြီး ဟန်ရေးပြနေတဲ့ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ဇုန်ဆီကို ဒီကားကိုလွှတ်မယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
တခမ်းတနား ဟန်ရေးပြလေ့ရှိလို့ နာမည်ကြီးတဲ့ ကေဒရော့ဗ်ဟာ တယ်လီဂရမ်မှာ သူ့ပုံရိပ်တွေကို မျှဝေခဲ့တာဖြစ်ပြီး Cybertruck ကားကိုရော Tesla စီအီးအို အယ်လွန်မက်စ်ကိုပါ ကေဒရော့ဗ်က ချီးကျူးထားပါတယ်။
မက်စ်ဟာ ခေတ်သစ်ရဲ့ အထူးချွန်ဆုံးဉာဏ်ကြီးရှင်ဖြစ်တယ်လို့ပါ ပြောကြားခဲ့ပြီး ချေချင်းညာကို လာလည်ဖို့ပါ ဖိတ်ကြားခဲ့ပါတယ်။
အထူးစစ်ဆင်ရေးမှာ အဆုံးသတ်နိုင်ဖို့ မက်စ်ရဲ့ နောက်ထပ်တီထွင်မှုတွေကိုလည်း စောင့်မျှော်နေတယ်လို့ပါ ပြောသွားခဲ့ပါတယ်။
အထူးစစ်ဆင်ရေးဆိုတာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို နိုင်ငံတွင်းသုံးစွဲတဲ့ တရားဝင်အခေါ်အဝေါ်ဖြစ်ပြီး Tesla ဘက်ကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။