အီရန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် မူကြမ်းကို လက်ရှိမှာ ပြန်သုံးသပ်နေပြီး မကြာမီ လက်မှတ်ရေးထိုးမယ်လို့ ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ခါဇမ် ဂျလာလီက ပြောခဲ့ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ ဥပဒေရေးရာဌာနတွေဟာ သမ္မတအုပ်ချုပ်ရေးအဖွဲ့ဆီ တင်သွင်းထားတဲ့ မူကြမ်းကို ထည့်သွင်းစဉ်းစားဖို့ ဆောင်ရွက်နေတယ်လို့ သံတမန်က ဆိုပါတယ်။
အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ နှစ်နိုင်ငံ အကြီးအကဲတွေက လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး အစောပိုင်းမှာ ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်ဒရေ ရူဒန်ကိုက နှစ်ဖက်သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီး မဝေးတော့တဲ့ အနာဂတ်မှာ လက်မှတ်ရေးထိုးမယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters