တောင်ကိုရီးယားနဲ့ အမေရိကန် တိုက်လေယာဉ် အစီး ၂၀၀ ကျော်ဟာ အခုသီတင်းပတ်မှာ ၅ ရက်ကြာ ပျံသန်းဖို့ စီစဉ်ထားပြီး မဟာမိတ်တွေ လေ့ကျင့်မှုမှာ အမျိုးအစားအများဆုံး ပျံသန်းမှုလို့ အမှတ်အသား ပြုထားကြောင်း တောင်ကိုရီးယားလေတပ်က သြဂုတ် ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒီလေ့ကျင့်ခန်းတွေဟာ နှစ်စဉ်ပြုလုပ်နေကျ အူလ်ချီ လွတ်လပ်ရေးဒိုင်းကာ လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဆန့်ကျင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တွေ ပူးတွဲအဆင်သင့်ဖြစ်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း သူတို့က ပြောပါတယ်။
ခံစစ်ကင်းလှည့် ပျံသန်းမှုမှ လေယာဉ်တွေကို ရန်သူလေယာဉ်ကို အယောင်ပြ တားမြစ်ခြင်းနဲ့ ခရုဇ်ဒုံးကျည် ကာကွယ်ရေးတွေ အပါအဝင် ပုံစံတူလေ့ကျင့်မှုအောက်မှာ လေကြောင်းတိုက်ခိုက်ရေး အခြေအနေတွေဆီ လမ်းကြောင်းပြောင်းထားပြီး တောင်ကိုရီးယား အခြေစိုက် အမေရိကန် တိုက်လေယာဉ်တပ်ဖွဲ့ ၂ ခုမှ တိုက်လေယာဉ်တွေနဲ့ အတူ ပါဝင်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပံ့ပိုးပေးတဲ့ ဗီဒီယိုဖိုင်မှာ တောင်ကိုရီးယား F-15k နဲ့ FA-50 တိုက်လေယာဉ်တွေဟာ လေကြောင်းလေ့ကျင့်မှုမှာ ပါဝင်ဖို့ ထွက်ခွာသွားတာကို ပြသခဲ့ပါတယ်။
နျူးကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုရီးယားကို ပေါင်းစပ်ကာကွယ်ရေးအတွက် အမေရိကန်ဟာ တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၅၀၀ ချထားပါတယ်။
Source-Reuters