Home
နိုင်ငံတကာ
လူလတ်တန်းစားများ၏ အသုံးစရိတ်လျှော့ချပေးမည်ဟု ကမ်မလာဟားရစ် ကတိပြု
DVB
·
August 18, 2024
Photo - REUTERS/Kevin Lamarque

ဒီမိုကရက်တစ်သမ္မတလောင်း ကမ်မလာဟားရစ်က သူသာ သမ္မတဖြစ်ပါက အခွန်နှုန်းလျှော့မှု အပါအဝင် စီးပွားရေးအခွင့်အလမ်းတွေ ဖန်တီးပေးမှာဖြစ်ကြောင်း ‌ကတိပေး ပြောဆိုခဲ့ပါတယ်။

ဟားရစ်ရဲ့ ပြောဆိုမှုထဲမှာ အမေရိကန်နိုင်ငံသားတွေရဲ့ အခွန်နှုန်းလျှော့မှာဖြစ်ပြီး အိမ်ဆောက်မှုကို တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ဆောက်လုပ်ခွင့်ရမှာဖြစ်ကြောင်း၊ ဈေးဆိုင်ရှိ စားသောက်ကုန်တွေ ဈေးမြင့်မားကိုလည်း ထိန်းညှိပေးမှာဖြစ်ကြောင်း၊ ကလေးမွေးတဲ့မိသားစုတွေအတွက် ဒေါ်လာ ၆၀၀၀ ပမာဏ အခွန်လျှော့နိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာရိုလိုင်းနားမြောက်ပိုင်းမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန် အမေရိကန်ရဲ့ စီးပွားရေးအင်အားတောင့်တင်းပေမဲ့ ဈေးနှုန်းအရမ်းကြီးမြင့်နေတာကို ထောက်ပြခဲ့ပြီး အလယ်အလတ်တန်းစားလူတွေအတွက် အဓိကပစ်မှတ်ထားသွားမယ်လို့ ဆိုပါတယ်။ 

ဟားရစ်က “စီးပွားရေးအခွင့်အလမ်းအနေနဲ့ ကျမ ဘာလုပ်နိုင်သလဲဆိုတာ အတူတကွ လုပ်ဆောင်ကြမှာပါ။ ကျမရဲ့ သမ္မတသက်တမ်းအတွင်းမှာ လူလတ်တန်းစားတွေအတွက် သေချာလုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ အမေရိကန်မှာ လူလတ်တန်းစား များတယ်လို့ ကျမ ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဟားရစ်ရဲ့လုပ်ငန်းစဉ်ကို ကော်ပိုရေးရှင်းတွေနဲ့ ကွန်ဂရက်တို့ရဲ့ ကန့်ကွက်မှုကနေ အောင်မြင်အောင် ကြိုးစားရမှာပါ။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ အလားတူအဆိုပြုချက်ကို ကွန်ဂရက်နဲ့ ကော်ပိုရေးရှင်းတို့က ပယ်ချခဲ့ဖူးပါတယ်။

ဟားရစ်ကတော့ စီးပွားရေးနဲ့ဆိုင်တဲ့ အသေးစိတ်အစီအစဉ်တွေကို ဒီတပတ်အတွင်းမှာ ချပြမယ်လို့ဆိုပြီး ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ပြည်ပကုန်စည် အခွန်တင်းကျပ်မှုနဲ့ မတူညီဘူးလို့ ဆိုပါတယ်။

လာမယ့် ၄ နှစ်အတွင်း အိမ်အလုံးရေ ၃ သန်း တည်ဆောက်ဖို့ လိုအပ်ကြောင်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအနေနဲ့ ပထမဆုံးအိမ်ဝယ်သူတွေကို အခွန်လျှော့ပြီး ဆွဲဆောင်ရမယ်လို့လည်း ဟားရစ်က  ပြောပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013