အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ မြောက်ဘက် ကုန်တင်ဆိပ်ကမ်းတခုရဲ့ ကောင်းကင်မှာ ဒီနှစ်အတွက် ပထမဆုံးဖြစ်တဲ့ ရှားရှားပါးပါး Super Blue Moon လို့ သတ်မှတ်ကြတဲ့ လ ထွက်လာပုံကို သြဂုတ် ၁၉ ရက်က တွေ့ရပါတယ်။
ဂျကာတာမြို့ရဲ့ ညစ်ညမ်းပြီး မီးခိုးရောင်ထနေတဲ့ ကောင်းကင်မှာ မိနစ်အနည်းငယ် ကြာတဲ့အထိ မှိန်နေခဲ့တဲ့ လရောင်ဟာ နောက်ဆုံးမှာတော့ ဆိပ်ကမ်းအပေါ်မှာ ပြန်တောက်ပလာခဲ့ပါတယ်။
ဒါပေမဲ့ ဆိပ်ကမ်းလုပ်သားတွေနဲ့ ဒေသခံပြည်သူတွေကတော့ ရှားပါး စူပါမွန်းကို သတိမပြုမိကြပါဘူး။
စူပါမွန်း ဆိုတာဟာ လရဲ့ပတ်လမ်းက ကမ္ဘာနဲ့ အနီးဆုံးကို ရောက်လာချိန်မှာ လပြည့်ဝန်းကို ပုံမှန်ထက်ပိုကြီးတဲ့ အသွင်အပြင်အဖြစ် မြင်ရတာ ဖြစ်ပါတယ်။
အပြာရောင်လ Blue moon ဆိုတဲ့ အခေါ်အဝေါ်ကတော့ လရဲ့အရောင် ပြာနေတာကို ရည်ညွှန်းတာမဟုတ်ဘဲ တလတည်းမှာ လပြည့်နှစ်ရက်ရှိတဲ့အချိန်မှာ ဒုတိယမြောက် လပြည့်ကို ရှားပါးမှုအတွက် Blue moon လို့ တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။
Source-Reuters