အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက် ရရှိရေး အလားအလာနဲ့ပတ်သက်လို့ အကောင်းမြင်ထား ကြောင်း သြဂုတ် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဘယ်တော့ စတင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်လို့ ဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ အရင်ကထက် ပိုနီးစပ်လာနေပေမဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေကို နောက်အပတ်အထိ ခေတ္တရပ်နားထားတာကြောင့် မှန်းချက်တော့ မရောက်သေးဘူးလို့လည်း သူက ဆိုပါတယ်။
သောကြာနေ့က ဒိုဟာမှာပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ခေတ္တရပ်နားထားပြီး စေ့စပ်ညှိနှိုင်းသူတွေနဲ့ နောက်အပတ်မှာ ထပ်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ပူးတွဲကြေညာချက်ထဲမှာ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့က ဝါရှင်တန်ဟာ အဆိုပြုချက်အသစ်ကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးရဲ့ အရေးအကြီးဆုံး မဟာမိတ်ဖြစ်တဲ့ ဝါရှင်တန်က အပစ်အခတ်ရပ်စဲခြင်းဟာ ဂါဇာမှာ အစ္စရေးရဲ့ စစ်ပွဲကျယ်ပြန့်လာမှုကို မြင့်တက်လာမယ့် ခြိမ်းခြောက်မှုကို လျှော့ချနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးက ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ကို ဖျက်ဆီးမှသာလျှင် ငြိမ်းချမ်းရေး ရနိုင်မယ်လို့ အခိုင်အမာပြောဆိုထားပြီး ဟားမတ်စ်က ယာယီမဟုတ်တဲ့ ထာဝရ အပစ်အခတ် ရပ်စဲ ရေးကိုသာ လက်ခံမယ်လို့ ပြောကြားထားတာပါ။
ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာ နောက်ဆုံး သွေးထွက်သံယို ဖြစ်မှုကို ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို တိုက်ခိုက်မှုနဲ့ အစပျိုးခဲ့တာ ဖြစ်ပြီး အစ္စရေးစာရင်းတွေအရ လူ ၁၂၀၀ သေဆုံးပြီး ဂါဇာကို ဓားစာခံ ၂၅၀ လောက် ဖမ်းဆီးသွားခဲ့တာပါ။
အစ္စရေးရဲ့ နောက်ဆက်တွဲ တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၄ သောင်းကျော်အထိ သေဆုံးခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးဝန်ကြီးဌာနအရ သိရပါတယ်။
ဂါဇာလူဦးရေ ၂ ဒသမ ၃ သန်းနီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း ကို ဖြစ်စေခဲ့ပါတယ်။
ကမ္ဘာ့တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှု လို့ စွပ်စွဲထားပေမယ်ြ အစ္စရေးက ငြင်းဆိုထားပါတယ်။
Source-Reuters