Home
နိုင်ငံတကာ
အပစ်ရပ်သဘောတူညီပါက အစ္စရေးအပေါ် တုံ့ပြန်တိုက်ခိုက်မှုကို ကျော်လွှားနိုင်မည်ဟု သမ္မတ ဘိုင်ဒင်ပြော
DVB
·
August 14, 2024
Photo - REUTERS/Hatem Khaled

ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ရင် အစ္စရေးအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုကို ကျော်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

သြဂုတ် ၁၃ ရက်မှာ နယူးအော်လင်းန်ကို ရောက်ရှိလာစဉ် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့တာပါ။

အခုသီတင်းပတ်အတွင်း ဖြစ်နိုင်ခြေရှိတဲ့ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကသာ အီရန်ကို အစ္စရေးအပေါ် တိုက်ရိုက်လက်တုံ့ပြန်ခြင်းကနေ နောက်ပြန်ဆုတ်သွားမှာဖြစ်ကြောင်း အီရန်အကြီးတန်းအရာရှိ ၃ ဦးကို ကိုးကားပြီးတော့ ရိုက်တာသတင်းမှာ ဖော်ပြခဲ့အပြီး ဘိုင်ဒင်ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။

တကယ်လို့ ဂါဇာကမ်းမြောင်ဒေသ ဆွေးနွေးပွဲ မအောင်မြင်ရင် ဒါမှမဟုတ် အစ္စရေးက စေ့စပ်ညှိနှိုင်းမှုကို အချိန်ဆွဲနေတယ်လို့ ယူဆရရင် အီရန်ဟာ ဟစ်ဇ်ဘိုလာလို မဟာမိတ်တွေနဲ့အတူ တိုက်ရိုက် တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန် အကြီးတန်း လုံခြုံရေးအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

တုံ့ပြန်မှုတွေ မလုပ်ခင်မှာ အီရန်ဟာ ဆွေးနွေးပွဲတွေ တိုးတက်မှုရှိတဲ့အထိ ဘယ်လောက်ကြာအောင် ခွင့်ပြုပေးမလဲ ဆိုတာကိုတော့ သတင်းရင်းမြစ်တွေက မပြောပါဘူး။

အီရန်ဟာ ပြီးခဲ့တဲ့လ နှောင်းပိုင်းက တီဟီရန်မြို့မှာ ဟာနီယာ့ သတ်ဖြတ်ခံရမှုအပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။ အစ္စရေးကတော့ သူ့ပါဝင်ပတ်သက်မှုကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မရှိပါဘူး။

အမေရိကန်ရေတပ်ဟာ အစ္စရေးအတွက် ကာကွယ်ရေးကို အားကောင်းစေဖို့ အရှေ့အလယ်ပိုင်းမှာ စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို ဖြန့်ကြက်ချထားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013