အီရန်အစိုးရက ရုရှားဆီ ပဲ့ထိန်းဒုံးကျည် ရာနဲ့ချီပို့ဖို့ စီစဉ်နေတဲ့ သတင်းတွေကြောင့် အမေရိကန်အနေနဲ့ အလွန်စိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့် ပတေးက သြဂုတ် ၁၂ ရက်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ သိသိသာသာ ပိုကျယ်ပြန့် ပြင်းထန်လာတဲ့ အခြေအနေကို ကိုယ်စားပြုတယ်လို့လည်း ပြောပါတယ်။
Fath-360 အနီးကပ်ပစ် ဒုံးကျည်စနစ်ကို သုံးဖို့ ရုရှားစစ်တပ်က ဒါဇင်ချီတဲ့ စစ်သည်တွေကို အီရန်မှာ လေ့ကျင့်ပေးနေတယ်လို့ ဥရောပထောက်လှမ်းရေး သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး သောကြာနေ့မှာ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံဆီ ဂြိုဟ်တုလမ်းညွှန်လက်နက် ရာချီ ပို့ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူတို့က ပြောပါတယ်။
ရုရှားအစိုးရမှာ ကိုယ်ပိုင် ပဲ့ထိန်းဒုံးကျည်တွေ အခင်းအကျင်းတွေ ပိုင်ဆိုင်ထားပေမဲ့ Fath-360s ဒုံးကျည်တွေ ထောက်ပံ့လို့ ရုရှားဟာ ရှေ့တန်းထက် ပိုဝေးတဲ့ ပစ်မှတ်တွေအတွက် သူ့လက်နက်တိုက်တွေကို ပိုသုံးနိုင်သွားပြီး ပိုနီးတဲ့ ပစ်မှတ်တွေအတွက် အီရန် ဒုံးကျည်ထိပ်ဖူးတွေကို တပ်ဆင်အသုံးချနိုင်သွားတယ်လို့ စစ်ဘက်ကျွမ်းကျင်သူတဦးက ပြောခဲ့ပါတယ်။
Source-Reuters